အင်္ဂလိပ်စာ အရေးအသားက မြန်မာ ကျောင်းသားတွေအတွက် ကြီးမားတဲ့ အခက်အခဲတော့ မဟုတ်ပေမယ့် ကိုယ့်အရေးအသားကို ထိထိမိမိနဲ့ လှလှပပ ဖြစ်ဖို့ အခြေခံက စလေ့ကျင့်ပုံ အရေးကြီးပါတယ်။ လေ့ကျင့်ပုံနည်းလမ်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်။
စာစရေးမယ်ဆိုရင် စကားလုံးတွေကို ရွေးချယ်သုံးနှုန်းတက်ဖို့ အသုံးမှန်ဖို့ လိုအပ်ပါတယ်။ စကားလုံးတွေကို စာဖတ်ခြင်း၊ နားထောင်ခြင်းတို့ကနေတဆင့် ရယူနိုင်သလို၊ နေ့စဉ်မြင်တွေ့နေရတဲ့ ပတ်ဝန်းကျင်ကနေလည်း သင်ယူနိုင်ပါတယ်။ အရေးကြီးတာတစ်ခုက သိထားသမျှ ပြန်သုံးဖို့ပါပဲ။ ပြန်မသုံးနိုင်ရင် အကုန်လုံး မေ့သွားမှာပါ။ အနည်းဆုံး twitter, facebook နဲ့ insta မှာ status ထဲ ထည့်ရေးလိုက်ရင်တောင် စကားလုံးကို မှတ်မိစေနိုင်ပါတယ်။
မြန်မာကျောင်းသားအများစုက သဒ္ဒါပိုင်းရဲ့ သဘောတရားတွေကို နားလည်ပေမယ့် လက်တွေ့ကျကျ သိပ်မသုံးတတ်ကြဘူး။ ဒီတော့ အရေးအသားကောင်းချင်ရင် ကိုယ်ဘာ tense တွေသုံးမယ်၊ ဘယ်လို grammar နဲ့ ပေါ်အောင်ရေးမယ်ဆိုတာ အရေးကြီးပါတယ်။ ဥပမာ- ပုံပြင်ဇာတ်ကြောင်းပုံစံရေးမယ်ဆို ငယ်ငယ်က လေ့ကျင့်လာတဲ့ Direct Indirect pattern တွေ ထည့်သုံးတာမျိုး၊ အတိတ်အကြောင်းဆိုရင် Past Tense ကို အလေးပေးထည့်သုံးတာမျိုး စတဲ့ အချိတ်အဆက်နဲ့ ရေးနိူင်ဖို့ လိုပါတယ်။
စာတစ်ပုဒ်ချရေးရာမှာ သူ့အဆင့်နဲ့သူ တစ်ဆင့်ပြီးတစ်ဆင့် ရေးရပါမယ်။
ပထမအဆင့်-Getting Ideas
ဒါကရှင်းပါတယ်။ ကိုယ်ချရေးမယ့် အကြောင်းအရာကို ထုတ်ခြင်းပါ။ ခေါင်းစဉ်နဲ့ ဆီလျှော်အောင် ချရေးမယ့် အကြောင်းအရာတွေကို ရနိုင်သမျှရအောင်စဉ်းစားယူတဲ့ အဆင့်ပဲဖြစ်ပါတယ်။
ဒုတိယအဆင့်-Organizing
ဒါကတော့ ခုန ချစဉ်းစားထားသမျှ ပြန်လည်စုစည်းခြင်းပါ။ ဒီအကြောင်းအရာဟာ ခေါင်းစဉ်အောက်မှာရှိမရှိ အပိုစာကြောင်းဖြစ်သွားနှိုင် မသွားနိုင် စတာတွေကို သေသေချာချာစုစည်းပြီး အစီစဉ်တကျဖြစ်အောင် ပြန်လည်စုစည်းတဲ့ အဆင့်ပါ။
တတိယအဆင့်- Start Writing
ဒီမှာတော့ ကိုယ်လေ့ကျင့် မှတ်သားထားတဲ့ Grammar, Tense, Vocabularies တွေနဲ့ စီကာပတ်ကုံး ချရေးတဲ့ အဆင့်ပါ။
စတုတ္ထအဆင့်- Revising
ဒီအဆင့်က အရေးကြီးပါတယ်။ revising ဆိုတာ တစ်ခါရေးပြီးတိုင်း တစ်ခါစစ်ဖို့တော့ မလိုပါဘူး။ ဒါပေမယ့် ရေးနေတုန်း ကိုယ့်ခံစားချက်နဲ့ကိုယ်တော့ ဖတ်လို့ကောင်းပေမယ့် စာဖတ်သူအတွက် ထိထိမိမိ မရှိလှတဲ့ အခြေအနေမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် ရေးနေစဉ်ရော ရေးအပြီးမှာ လမ်းကြောင်းမလွဲအောင်၊ အမှားမပါအောင် အမြဲတမ်း ပြန်စစ်ဆေးနေရပါလိမ့်မယ်။
နောက်ဆုံးအဆင့်- Editing
ဒါကလည်း ပြန်စစ်ဆေးနေတုန်း မှားနေတာတွေ့ရင် ပြန်လည်ပြင်ဆင်တဲ့ အဆင့်ပါ။
နောက်ဆုံးအနေနဲ့ ကိုယ်ရေးထားသမျှကို ကိုယ်နဲ့ နီးစပ်တဲ့ ဆရာသမားတွေဆီမှာ ပြန်လည်စစ်ဆေးပြီး အကြံဉာဏ် ယူသင့်ပါတယ်။ ကျောင်းသားတွေဆိုရင်လည်း ကိုယ့်ဆရာသမားကို ဖြစ်ဖြစ်၊ ကိုယ်တက်နေတဲ့ သင်တန်းက ဆရာတွေဆီမှာ စစ်ဆေးသင့်ပါတယ်။
Wai Yan Htut (Only for the SPACE Language Academy)
Ref: www.thoughtco.com, www.fluentu.com