Proud Announcement of Official Collaboration between International House Yangon-Mandalay and Pepsi Myanmar

Proud Announcement of Official Collaboration between International House Yangon-Mandalay and Pepsi Myanmar

[ English version below ]
International House Yangon-Mandalay နဲ့ Pepsi Cola Myanmarတို့ တရားဝင်ပူးပေါင်းဆောင်ရွက်ခြင်းအား ဂုဏ်ယူစွာကြေညာခြင်း။
International House Yangon-Mandalay အနေဖြင့် မိတ်ဖက်စီးပွားရေးလုပ်ငန်းများ၏အောင်မြင်မှုအတွက် လူသားအရင်းအမြစ်များပျိုးထောင်ရေးတွင်အရေးပါလှသော အင်္ဂလိပ်ဘာသာစကားသင်တန်းများပို့ချပေးခြင်းကိုဆောင်ရွက်လျက်ရှိသကဲ့သို့ မိမိတို့ကျောင်းသားကျောင်းသူများအား အရည်အသွေးမြင့်ပညာရေးနှင့် အခွင့်အလမ်းသစ်များပေးစွမ်းနိုင်ရေး စဉ်ဆက်မပြတ်ကြိုးပမ်းလျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာ ယခုအခါတွင် International House Yangon-Mandalay နှင့် Pepsi Myanmar တို့အကြား နားလည်မှုသဘောတူစာချွန်လွှာ (MOU) ရေးထိုး၍ Pepsi Myanmar ၏ ဝန်ထမ်းများ အင်္ဂလိပ်ဘာသာစကား တိုးတက်ရေးနှင့် IH Yangon-Mandalay မှာ ကျောင်းသား/သူ များ ပိုမိုကောင်းမွန်သည့် အခွင့်အလမ်းများ ရရှိရေးအတွက် တရားဝင်ပူးပေါင်းဆောင်ရွက်မှုစတင်ခဲ့ပြီဖြစ်ကြောင်း ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ကြေညာအပ်ပါသည်။ ယခုကဲ့သိုဂုဏ်သိက္ခာမြင့်မားသော အဖွဲ့အစည်း နှစ်ခုလက်တွဲပူးပေါင်းမှုမှသည် ဘာသာစကားသင်တန်းများပို့ချပေးခြင်း၊ အလုပ်အကိုင်နှင့်လူငယ်မြှင့်တင်ရေးအစီအစဉ်များမျှဝေပေးခြင်းအစရှိသည့် နှစ်ဦးနှစ်ဘက်အကျိုးရှိသောအခွင့်အလမ်းကောင်းများ ဖြစ်ထွန်းပေါ်ပေါက်လာမည်ဖြစ်ပါသည်။ ယခုပူးပေါင်းဆောင်ရွက်မှုတွင်ပါဝင်ပေးသော Pepsi Myanmar အားလည်းကျေးဇူးတင်ရှိပါကြောင်းနှင့် International House Yangon-Mandalay အနေဖြင့် နှစ်ဦးနှစ်ဘက်အကျိုးရှိသောပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း မျှဝေအသိပေးအပ်ပါသည်။
================
Proud Announcement of Official Collaboration between International House Yangon-Mandalay and Pepsi Myanmar
International House Yangon-Mandalay is constantly striving to empower our partner businesses through professional English language training for their teams and to provide our students with high-quality education and expanded opportunities. As part of this effort, we are proud to announce the successful collaboration between IH Yangon-Mandalay and Pepsi Myanmar through the signing of a Memorandum of Understanding (MOU), with the shared intention of enhancing the English language proficiency of Pepsi Myanmar staff and providing IH Yangon-Mandalay students with better opportunities. This collaboration between two prestigious organisations will support mutually beneficial initiatives, including language course delivery, employment opportunities and youth empowerment programmes. We extend our heartfelt thanks to Pepsi Myanmar for their participation and remain committed to continuing positive cooperative efforts which benefit both parties.