Useful phrases

ဒီတစ်ခါ အင်္ဂလိပ်ဘာသာစကားကို စာဟန်ပေဟန်မဟုတ်ဘဲ သဘာဝကျကျ ပြောလို့ရတဲ့ အသုံးလေးတစ်ချို့ မျှဝေပေးချင်ပါတယ်။

(၁) Why don’t you … ?

သူငယ်ချင်းမိတ်ဆွေတွေကို “ဒီလိုလေး လုပ်ကြည့်ပါလား” ဆိုပြီး အကြံပေးချင်တဲ့အခါ “Why don’t you …?” ဆိုတဲ့ အသုံးလေးနဲ့ သဘာဝကျကျလေး မေးလို့ရပါတယ်။

ဥပမာ (၁) ။ ။ နေလို့ သိပ်မကောင်းတဲ့ သူငယ်ချင်းကို “ဆရာဝန်ပြကြည့်ပါလား” လို့ အကြံပေးချင်ရင်

“You look sick. Why don’t you go to the doctor?”

ဥပမာ (၂) ။ ။ ဒီရုပ်ရှင်လေး ကြည့်ကြည့်ပါလားလို့ ပြောချင်ရင်

“Why don’t you watch this movie?”

ဒီနေရာမှာ “why” အသုံးက အကြောင်းရင်းကိုမေးတာမဟုတ်လို့ နားထောင်သူကလဲ “because …” ဆိုပြီး အကြောင်းရင်း ပြန်ဖြေပေးစရာမလိုပါဘူူး။ suggestion ကို လက်ခံတယ် လက်မခံဘူး ဆိုပြီးတော့ ပြန်ပြောရုံပါပဲ။

(၂) If I were you, I would/ wouldn’t …

ငါသာ မင်းဆိုရင် ဒီလိုလုပ်လိုက်ပြီ ဆိုပြီး အကြံလေးပေးချင်ရင်တော့ “If I were you, I would/ wouldn’t …” လို့ ပြောပါတယ်။ ဒီအသုံးလေးရဲ့သဘောကလည်း ဒီလိုလေး လုပ်ကြည့်ပါလား လို့ ပြောချင်တာပါပဲ။

ဥပမာ (၁) ။ ။ ဆရာမကို မေးတာ ပိုကောင်းမယ်။ ငါသာမင်းဆို သွားမေးလိုက်ပြီ လို့ ပြောချင်ရင်

” If I were you, I would ask the teacher.”

ဥပမာ (၂) ။ ။ သူငယ်ချင်းဝယ်လာတဲ့ အကျီၤက မတန်လို့ မဝယ်သင့်ခဲ့ကြောင်း ပြောချင်တဲ့အခါ

“If I were you, I wouldn’t buy such an expensive shirt.”

“ငါသာဆို ဒီလောက်ဈေးကြီးတဲ့ အကျီၤကို ဝယ်မှာ မဟုတ်ဘူး။”

(၃) Let’s … or Shall we … ?

“ဒီလို လုပ်ကျရအောင်” ဆိုပြီး သူငယ်ချင်းတွေကို စည်းရုံးချင်တဲ့အခါ “Let’s —“ ဆိုပြီးပြောလို့ရပါတယ်။ “Shall we …?” ဆိုပြီးတော့လည်း နောက်တစ်မျိုးပြောလို့ရပါတယ်။ သဘောတရားကတော့ အတူတူ ပါပဲ။ဥပမာ (၁) ။ ။ “ဒီညတော့ အပြင်ထွက်စားကြရအောင်” လို့ပြောချင်ရင်

“Let’s eat out tonight.”

“Shall we eat out tonight?”

ဥပမာ (၂) ။ ။ ကိုယ်ကနေ သူငယ်ချင်းတွေကို YBS စီးမယ့်အစား တက္ကစီပဲစီးကြဖို့ ပြောချင်ရင်

“Let’s take a taxi instead of YBS.”

“Shall we take a taxi instead of YBS?”

 

Waiyan Htut (Brought to you by the SPACE Language Academy)

Ref: Becky Tarver Chase, Kristin L. Johannsen & Keith S. Folse, Pathways (2) Listening, Speaking and Critical Thinking (pg- 39and 58)

Share on Social Media