Type of Houses

ဒီလမှာ အိမ်နဲ့ပတ်သက်တဲ့ စကားလုံးလေးတွေ မျှဝေပေးချင်ပါတယ်။

ဒီစကားလုံးတွေက နေ့စဉ်တွေ့နေကျစကားလုံးတွေဖြစ်တဲ့အတွက် မှတ်မိအောင်လုပ်ဖို့လဲ လွယ်ကူပါတယ်။ ပထမဆုံးအနေနဲ့ အိမ်အမျိုးအစားအမျိုးမျိုးအတွက် စကားလုံးလေးတွေ ပြောပြပေးချင်ပါတယ်။

Semi-detached House = နှစ်ခန်းတွဲလုံးချင်းအိမ်ကို ခေါ်တာဖြစ်ပါတယ်။

Detached House = လုံးချင်းတိုက် ဖြစ်ပါတယ်။ stand-alone house/ separate house လို့လည်းခေါ်ပါတယ်။

Flat/ Apartment =တိုက်ခန်း ကိုခေါ်ခြင်းဖြစ်ပါတယ်။  Flat က British English ဖြစ်ပြီး Apartment က American English ဖြစ်ပါတယ်။ တိုက်ခန်းတစ်ခန်း စီကိုရည်ညွှန်းခြင်းဖြစ်လို့ Australian English မှာတော့ Unit လို့လည်းခေါ်ပါတယ်။

Block of flats = တိုက်ခန်းတစ်ခန်းချင်းစီကို flat/ apartment လို့ခေါ်ပေမယ့် တိုက်တစ်တိုက်လုံးကိုတော့ block of flats လို့ခေါ်ပါတယ်။

Terraced House = အိမ်တန်းလျား တွေကို ခေါ်ခြင်းဖြစ်ပြီး row house (or) linked house လို့အလွယ်ခေါ်လို့လည်းရပါတယ်။ Terraced house က British English ဖြစ်ပြီး American မှာတော့ townhouse လို့လည်းခေါ်ပါတယ်။

Stilt House = ခြေတံရှည်အိမ်ကို ခေါ်ခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် ကျေးလက်က ခြေတံရှည်အိမ်တွေကို stilt house လို့ခေါ်ပြီး အင်းလေးကန်ထဲက ခြေတံရှည်အိမ်တွေကိုလည်း stilt house လို့ ခေါ်ပါတယ်။

Log House = သစ်လုံးအိမ်ကို ခေါ်ခြင်းဖြစ်ပါတယ်။

Caravan = ခရီးသွားရာမှာ အသုံးများတဲ့ ကားအိမ်ကိုခေါ်ခြင်းဖြစ်ပါတယ်။

Photo references:https://www.homeadvisor.com/r/wp-content/uploads/2016/09/canal-61990_640.jpg

==========================

Share on Social Media