ဒီတစ်ခါတော့ ဒီဇိုင်းပေါ်မူတည်ပြီး အခေါ်အဝေါ်ပြောင်းသွားတဲ့ tops (အကျီၤ) လေးတွေကို မျှဝေပေးချင်ပါတယ်။ မြန်မာပြည်မှာလည်း အဝတ်များတဲ့ ဖက်ရှင်တွေမို့ အသုံးဝင်လိမ့်မယ် ထင်ပါတယ်။
(၁) Crop-topဒါကတော့ ချက် (ဗိုက်သား) ပေါ်အကျီၤအမျိုးအစားပါ။
(၂) Ribbed topဒါကတော့ ဒေါင်လိုက် မျဉ်းတွေ ပါတဲ့ အင်္ကျီတွေကို ခေါ်တာပါ။ ဆေးရိုက်ထားတဲ့ မျဉ်းနဲ့ အင်္ကျီတွေကိုတော့ striped tops လို့ခေါ်ပြီး ribbed ကတော့ အကျီၤအသားမှာ ဒေါင်လိုက်အစင်းလေးတွေ ပါတဲ့ ဆွယ်တာ အသားလိုမျိုးကို အသားအထူနဲ့ ချုပ်ထားတဲ့ အင်္ကျီကို ခေါ်တာပါ။
(၃) Baseball shirtBaseball top လို့ ပြောရင် raglan sleeve ပါတဲ့ t-shirt မျိုးကို ခေါ်တာပါ။ raglan sleeve ဆိုတာ အင်္ကျီရဲ့ကိုယ်ထည်နဲ့ ကွဲထွက်ပြီး ကော်လာကနေ လက်အထိ နောက် အရောင်ကွဲ အစတစ်စနဲ့ စပ်ပြီး ချုပ်ထားတဲ့ အကျီၤလက်ကို ပြောတာပါ။ ရှုပ်သွားပြီလား။ ထားပါတော့ အဓိကက baseball shirt ဆိုတာကို ပုံမှာ ကြည့်လိုက်ရင် ရှင်းမယ်ထင်ပါတယ်။ တခြား baseball shirt ပုံစံလေးတွေ ရှိပေမယ့် ဒီပုံထဲက t-shirt ကတော့ လူသိအများဆုံးနဲ့ အတွေ့ရအများဆုံးပါပဲ။
(၄) Polo shirtPolo shirt ဆိုတာ ခေါင်းကနေ စွပ်ချရပြီး လည်ပင်းကော်လာ နဲ့ ရင်ဘတ် ကြယ်သီး ပါတဲ့ လက်တို အကျီၤမျိုးကို ပြောတာပါ။ အမျိုးသားတွေ informal situation အနေနဲ့ ဝတ်ကြတာများပါတယ်။
(၅) T-shirt (tee-shirt)T-shirt (tee-shirt) ဆိုတာက ခေါင်းကနေ စွပ်ချရပြီး ကော်လာမပါတဲ့ လက်တိုအကျီၤကို ခေါ်တာပါ။ ရင်ဘတ်ကြယ်သီးကတော့ မပါလည်း ရပါတယ်။ ဒီလိုအကျီၤမျိုးက ထသွားထလာ အနေနဲ့ဝတ်ကြတာများပါတယ်။
(၆) SweatshirtSweatshirt ဆိုတာက ခေါင်းကနေ စွပ်ချရတဲ့ လက်ရှည်အကျီၤကို ခေါ်တာပါ။ sweatshirt တွေကို ချည်သားအထူ နဲ့ ပြုလုပ်လေ့ရှိပြီး ကြယ်သီးနဲ့ ကော်လာက ပုံမှန်တော့ပါလေ့ မရှိပါဘူး။ နောက်က ခေါင်းစွပ် (hood) တော့ တစ်ခါတစ်လေ ပါတတ်ပါတယ်။ sweatshirt ကို အားကစားလုပ်ရင် အဓိကဝတ်လေ့ရှိပေမယ့် ထသွားထလာ ပေါ့ပေါ့ပါးပါးလည်း ဝတ်ကြပါတယ်။
