ခရီးသွားရာသီဖြစ်တာကြောင့် နိုင်ငံခြား အလည်အပတ်သွား သူများအတွက် လေဆိပ်ဆိုင်ရာ အင်္ဂလိပ် အသုံးလေးတွေ မျှဝေပေးချင်ပါတယ်။
1. TerminalTerminal ဆိုတာ လေဆိပ်အဆောက်အအုံကို ပြောခြင်းဖြစ်ပါတယ်။ နိုင်ငံတကာ လေဆိပ်ကြီးတွေ မှာဆိုရင်တော့ လေဆိပ်တစ်ခုကို terminal ၁ ခု ထက်ပိုရှိတတ်ပါတယ်။ ၂၀၀၈ ခုနှစ်က တည်ဆောက်ခဲ့တဲ့ Dubai International Airport ရဲ့ Terminal-3 ကတော့ အခုလက်ရှိ ကမ ္ဘာပေါ်မှာ အကြီးဆုံး airport terminal အဖြစ်သတ်မှတ် ခံထားရပါတယ်။
2. Check-in desk counterCheck-in desk ဆိုတာကတော့ လေဆိပ်ရောက်ရှိပြီး ခရီးထွက်ဖို့ အဆင်သင့်ဖြစ်ကြောင်း သက်ဆိုင်ရာ လေယာဉ်လိုင်း ကို အကြောင်းကြားရတဲ့ နေရာဖြစ်ပါတယ်။ Check-in desk မှာ ခရီးသည်က Passport နဲ့ လေယာဉ်လက်မှတ် ပြရပါတယ်။ လေယာဉ်ဝမ်းဗိုက် (aircraft hold) ထဲ ထည့်ပေးလိုက်မည့် အိတ်များကို ဒီcheck-in desk မှာ ပေးလိုက်ရမှာ ဖြစ်ပါတယ်။ အချို့လေကြောင်းလိုင်းများကတော့ လေယာဉ်လက်မှတ်မပြဘဲ passport ပြရုံနဲ့ check-in လုပ်ပေးပါတယ်။ နိုင်ငံတကာ လေဆိပ်တွေမှာတော့ ကိုယ်တိုင် check-in လုပ်လို့ရတဲ့ self check-in counter (Kiosk) တွေ ထားရှိပေးတတ်ပါတယ်။
3. Boarding passCheck-in counter မှာ check-in ဝင်ပြီးရင် Boarding pass နဲ့ bag claim tag ပြန်ပေးပါတယ်။ Boarding pass ဆိုတာ လေယာဉ်ပေါ်တက်ရင် ပြရမယ့် စာရွက်ပိုင်းလေးပါ။ Boarding Pass မှာ ခရီးသည်အမည်၊ လေယာဉ်နံပါတ်၊ လေယာဉ်အချိန်၊ ခုံနံပါတ် နဲ့ မိမိလေယာဉ် စိုက်ရောက်မည့် ဂိတ်အမှတ် (boarding gate) တို့ ပါပါတယ်။
4. Departure loungeCheck-in counter မှာ Check-in ဝင်ပြီးရင် နိုင်ငံခြားသွားမည့်ခရီးသည်များကတော့ လူဝင်မှု ကြီးကြပ်ရေး ကောင်တာများကို ဖြတ်ရပါတယ်။ ပြီးရင် မိမိလေယာဉ် စိုက်ရောက်မည့် ဂိတ် (boarding gate) နားမှာ သွားစောင့်ရမှာဖြစ်ပါတယ်။ လေယာဉ်စီးမည့် ခရီးသည်များ စောင့်သည့်နေရာကို departure lounge လို့ခေါ်ပါတယ်။
5. Airport busအချို့လေဆိပ်တွေမှာတော့ တစ်ခါတစ်ရံ လေယာဉ်က boarding gate အထိ မလာဘဲ လေယာဉ်ကွင်းထဲ မှာပဲ ရပ်ထားပါတယ်။ အဲ့လိုအခါမျိုးမှာ ခရီးသည်တွေကို barding gateကနေ လေယာဉ်အထိ သယ်ဆောင်သွားတဲ့ ကားမျိုးကို Airport bus လို့ ခေါ်ပါတယ်။ အချို့လေဆိပ်တွေမှာတော့ boarding gate ကနေ လေယာဉ်ပေါ်ကို တက်ဖို့ jet bridge လို့ ခေါ်တဲ့ အလုံပိတ် တံတား နဲ့ ချိတ်ပေးထားတဲ့အတွက် လေဆိပ်ထဲကနေ လေယာဉ်ခန်း (cabin) ထဲကို တန်းဝင်လို့ ရပါတယ်။
6. Passenger boarding stairsဒီစကားလုံးလေးကတော့ အားလုံးလည်း ရင်းနှီးပြီးသားဖြစ်မှာပါ။ airport bus ကနေ လေယာဉ်ပေါ်ကို တက်တဲ့ လှေကားကို ခေါ်တာပါ။
