ဒီတစ်ခါ လေယာဉ်ပေါ်က စကားလုံးလေးတွေကတော့ ပုံကြည့်တာနဲ့ သိသာမြင်သာတဲ့ စကားလုံးများပဲ ဖြစ်ပါတယ်။
Aisle = လေယာဉ်ပေါ်မှ အလယ်လျှောက်လမ်းဖြစ်ပါတယ်။ ဒီစကားလုံးကို အသံထွက်ရာမှာ “s” သံကို ထည့်မထွက်ဘဲ အိုင်းလ် လို့ပဲ အသံထွက်ရပါတယ်။
Overhead bin = ခရီးသည်များ ထိုင်ခုံအပေါ်မှ Carry-on luggage ထားရမည့် စင်ကို overhead bin လို့ ခေါ်ပါတယ်။
Window seat =လေယာဉ်ပြတင်းပေါက်နားက ခုံကို ခေါ်ပါတယ်။Window seat ကို လိုချင်တယ်ဆိုရင် လေဆိပ် Check-in desk မှာကတည်းက “Window seat please” လို့ ပြောရင် နေရာလွတ်ရှိရင် ရပါတယ်။
Middle seat = အလယ်ခုံကို ခေါ်ပါတယ်။
Aisle seat = လျှောက်လမ်းနဲ့ ကပ်လျက်ခုံကို ခေါ်ပါတယ်။
Seat belt = ထိုင်ခုံခါးပတ်ကို ခေါ်ပါတယ်။ လေယာဉ် တက်နေချိန် နှင့် လေယာဉ်ဆင်းနေချိန်တွင် မဖြစ်မနေခါးပတ်ပတ်ထားရမည်ဖြစ်ပြီး overhead bin အောက်မှ ခါးပတ်ပုံ မီးလေး စိမ်းနေသမျှ ခါးပတ်ပတ်ထားရန် လိုအပ်ပါတယ်။