လုပ်ငန်းခွင်မှာ ရာထူးကြီးသူနဲ့ ရာထူးငယ်သူ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် အကူအညီတောင်းတာပဲဖြစ်စေ၊ ခိုင်းစေတာပဲဖြစ်စေ တူညီစွာသုံးစွဲလို့ရနိုင်တဲ့ အသုံးလေးတွေကို ပြောပြချင်ပါတယ်။ လုပ်ပေးစမ်း (Do it)၊ လုပ်ပေးမလား (Will you do it?) ဆိုတာတွေထက် ပိုပြီး ပရော်ဖက်ရှင်နယ်လ်ဆန်သလို၊ ပိုလည်းယဉ်ကျေးပါတယ်။ တစ်ဖက်လူရဲ့နားထဲကိုလည်း ချိုသာစွာဝင်သွားပြီးတော့ ကူညီချင်စိတ်၊ လုပ်ပေးချင်စိတ်လည်းဖြစ်ပါတယ်။ အဲ့ဒါကတော့ အောက်ပါအသုံးတွေဖြစ်ပါတယ်။
Can you do me a favor? (ကိုယ့်ကိုတဆိတ်လောက်ကူညီနိုင်မလား)
Can I ask you a favor? (ကိုယ် အကူအညီတစ်ခုလောက်တောင်းလို့ဖြစ်မလား)
Can I have you do me a favor? (ကိုယ် မင်းကို တစ်ခုလောက်ကူညီခိုင်းလို့ဖြစ်မလား)
Could you do (something) for me? (ကိုယ့်အတွက် ဒီဟာလေး လုပ်ပေးနိုင်လား)
Would you mind (doing something) for me? (ကိုယ့်ကိုဒါလေးလုပ်ပေးဖို့ စိတ်မရှိပါနဲ့နော်/ စိတ်မရှိဘူးမှတ်လား) – စတာတွေဖြစ်-ပါတယ်။
Something ဆိုတဲ့နေရာမှာ ကိုယ်အကူအညီတောင်းချင်တဲ့၊ ကိုယ်လုပ်စေချင်တဲ့အရာတစ်ခုခုကို အစားထိုးသုံးစွဲနိုင်ပါတယ်။ ဥပမာ ကိုယ်က လက်အောက်ငယ်သားတစ်ယောက်ယောက်ကို ပရောဂျက်တစ်ခုခိုင်းချင်တယ်ဆိုပါစို့။ “Hey John, can I ask you a favor?” (ဂျွန်ရေ ငါမင်းကို အကူအညီတစ်ခုလောက် တောင်းလို့ရမလား) ဆိုတာမျိုးလေးနဲ့အစချီပြီး သူ့အမည်ကိုလည်း အသိအမှတ်ပြုခေါ်ဆိုပြီး ကိုယ်က ခိုင်းစေမယ့်ပုံစံမျိုးထက် ကိုယ်ကနေ သူ့ဆီက ပြန်ပြီးအကူအညီတောင်းတဲ့သဘောဆောင်သွားပါတယ်။ ဖိတ်ခေါ်တဲ့သဘောဆန်ပြီး မေးခွန်းတစ်ခုလည်းဖြစ်သွားတဲ့အတွက် ဟိုက ကိုယ့်ကို “yes”, “sure”, “of course” စသဖြင့် ပြန်ပြောကိုပြောဖို့ obligated ဖြစ်သွားပါတယ်။ ဒီတော့ communication ဟာ ပိုပြီးချောမွေ့နိုင်ပါတယ်။
ကိုယ့်ထက် ရာထူးပဲငယ်ငယ်၊ ရာထူးပဲကြီးကြီး ဒီလိုလေး အားလုံးကိုတန်းတူဆက်ဆံတယ်ဆိုရင် အားလုံးကလည်း သူတို့တတ်နိုင်တယ်ဆိုရင် မလုပ်ပေးဘူးငြင်းမှာမဟုတ်ပါဘူး။ ကိုယ်တို့ရုံးမှာလည်း ဒီအသုံးအနှုန်းလေးကို အသုံးများပြီး ဒီအသုံးတွေဟာ အထက်အောက်သဘောမျိုးကိုမဆောင်တဲ့အတွက် အားလုံးကို တလေးတစား ဆက်ဆံတယ်ဆိုတဲ့အဓိပ္ဗာယ်မျိုး သက်ရောက်သွားပါတယ်။ အားလုံးစိတ်ချမ်းသာစေမယ့် ယဉ်ကျေးတဲ့ အသုံးအနှုန်းပဲဖြစ်ပါတယ်။
Craton Highways (brought to you by the SPACE Langage Academy)