မြန်မာကျောင်းသားအများစု ပြောလေ့ရှိတာက တစ်ဖက်သား ပြောတာ ကိုယ်နားလည်ပေမယ့် ကိုယ်ပြန်မပြောတတ်ဘူး။ မပြောရဲဘူး။ တချို့ကလည်း ဘာပြန်ပြောရမလဲ မသိဘူး ဆိုပြီး ဖြစ်တတ်ကြပါတယ်။ ဒီလိုခေတ်မှာ English Speaking သွက်လာအောင် လုပ်နိုင်ဖို့ လွယ်ကူပါတယ်။ ဖြစ်နိုင်ရင်တော့ အင်္ဂလိပ်လို ပြောဆိုသုံးတဲ့ နေရာတွေ၊ အင်္ဂလိပ်စကားပြောဝိုင်းတွေ၊ စကားပြောအသင်းတွေကို သွားရင်တော့ အကောင်းဆုံးပါပဲ။ စကားပြောဖို့က အနည်းဆုံး လူ၂ယောက်တော့ လိုပါတယ်။ စကားပြောကို အခြေခံကစပြီး ဘယ်လိုလေ့လာမလဲ။