ယနေ့လုပ်ငန်းခွင်တွေမှာ email ပို့တာနဲ့ ပြန်လည်ဖြေကြားတာတွေဟာ နေ့စဉ် မရှိမဖြစ်လိုအပ်လာတဲ့ component (အစိတ်အပိုင်း) တစ်ခု ဖြစ်လာပါတယ်။ ကာစတန်မာတွေနဲ့ဖြစ်စေ၊ ဝန်ထမ်းအချင်းချင်းဖြစ်စေ၊ အခြားအဖွဲ့အစည်း စီးပွားရေးပါတနာတွေနဲ့ဖြစ်စေ အီးမေးလ်အဆက်အသွယ်လုပ်တဲ့အခါ သုံးနှုန်းရတဲ့ အင်္ဂလိပ်စာ စကားလုံးတွေဟာ ရှင်းလင်းကွဲပြားပြီး သဒ္ဒါမှန်ဖို့လိုသလို အောက်ပါအချက်တွေနဲ့ပြည့်စုံဖို့လည်း အထူးလိုအပ်လှပါတယ်။
ဒီအသုံးလေးဟာလည်း အင်္ဂလိပ်စာမှာ တစ်ယောက်ယောက်ကို ကိုယ်က မေးခွန်းတစ်ခုမေးချင်တဲ့အခါ၊ သေချာခြင်းမရှိတဲ့အခါ၊ ဖြစ်နိုင်မလား၊ လုပ်ပေးနိုင်မလားဆိုတာတွေအတွက် သုံးပါတယ်။ လုပ်ငန်းခွင်သုံး အသုံးတစ်ခုဖြစ်ပါတယ်။ ဥပမာ ကိုယ်က အထက်လူကြီးကို ကိစ္စတစ်ခုအကြောင်းမေးတယ်ဆိုပါတော့၊ သူသိလားမသိလားက မသေချာဘူး၊ ဒါပေမဲ့ မေးကိုမေးရမယ်။ ဒါဆိုရင် ဒီအသုံးနဲ့ မေးနိုင်ပါတယ်။ I was wondering if.... ဆိုတဲ့ phrase အနောက်မှာ အတိတ်ကာလပြတဲ့ past tense ကို သုံးရပါတယ်။
ဒီတစ်ခေါက်တော့ အင်တာဗျူးဖြေတာနဲ့ ပတ်သက်ပြီး ဝေမျှပေးချင်ပါတယ်။ မေးတတ်တဲ့မေးခွန်းလေးတွေထဲက အမေးအများဆုံးမေခွန်း (၅)ခုကို ဖြေပုံဖြေနည်းနဲ့တကွ ဂိုက်လိုင်းသဘောမျိုး အသုံးချနိုင်အောင် ဆွေးနွေးပေးမှာဖြစ်ပါတယ်။
Parallel sentence ဆိုတာ ဝါကျတစ်ကြောင်းမှာ noun, verb, adjective, adverb, preposition စတဲ့ ဝါစင်္ကရှစ်ပါး (eight parts of speech) ထဲက တစ်ခုခုကိုဖြစ်စေ၊ phrase တစ်ခုလုံးကိုဖြစ်စေ တူရာနောက်တစ်ခုနဲ့ ဆက်တာပါ။ အတူယှဉ်တွဲပြီးရေးတာမို့ parallel (အပြိုင်) လို့ခေါ်တာပါ။ Parallism ကိုရေးတဲ့အခါမှာ နာမ်ကိုနာမ်ချင်း (noun)၊ ကြိယာကိုကြိယာချင်း (verb)၊ နာမဝိသေသနအချင်းချင်း (adjective) စသဖြင့် တူရာကို အတန်းလိုက် list လုပ်ပြီး ရေးရပါတယ်။
ဒီပို့စ်ကိုမဖတ်ခင် Sunday က တင်ပေးခဲ့တဲ့ "ရိုးရိုး parallel sentence ရေးနည်း" ဆိုတဲ့ပို့စ်ကို အရင်ဖတ်ပါ။ အဆင့်မြင့် parallel sentence ရေးနည်းကို အပိုင်း (၂)ပိုင်း ခွဲပြပါမယ်။ (၁) Comparison နှိုင်းယှဉ်သုံးနည်း နဲ့ (၂) Idiomatic expressions များဖြင့်သုံးနည်း - ဆိုပြီး ရှိပါတယ်။
ဒီတစ်ခေါက်တော့ လုပ်ငန်းခွင်ယဉ်ကျေးမှုနဲ့ပတ်သက်တဲ့ အချက်ကလေးတွေ အသားပေး မျှဝေပေးချင်ပါတယ်။ တော်ရုံသတိမမူလိုက်မိပေမဲ့ တစ်ဖက်က နိုင်ငံခြားသားတွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါ ယဉ်ကျေးမှုချင်းမတူညီတာမို့ မလိုလားအပ်တဲ့ အထိအခိုက်ကလေးတွေ ဖြစ်စေနိုင်ပါတယ်။ international business culture နဲ့ပတ်သက်ပြီး ဒီတစ်ခါ အဓိကအသားပေး ဖော်ပြပေးချင်တာကတော့ body language အကြောင်းဖြစ်ပါတယ်။