ဒီနေ့တော့ လေယာဉ်ပေါ်မှာ ခေါ်ဝေါ်သုံးစွဲလေ့ရှိတဲ့ စကားလုံးများကို မျှဝေပေးချင်ပါတယ်။
လေယာဉ်နဲ့ ခရီးသွားသူများအတွက် လေဆိပ်မှာသုံးရလေ့ရှိတဲ့ အင်္ဂလိပ်စကားလုံးလေးတွေကို ဆက်ပြီး မျှဝေပေးချင်ပါတယ်။
ခရီးသွားရာသီဖြစ်တာကြောင့် နိုင်ငံခြား အလည်အပတ်သွား သူများအတွက် လေဆိပ်ဆိုင်ရာ အင်္ဂလိပ် အသုံးလေးတွေ မျှဝေပေးချင်ပါတယ်။
အင်္ဂလိပ်စာ အရေးအသားက မြန်မာ ကျောင်းသားတွေအတွက် ကြီးမားတဲ့ အခက်အခဲတော့ မဟုတ်ပေမယ့် ကိုယ့်အရေးအသားကို ထိထိမိမိနဲ့ လှလှပပ ဖြစ်ဖို့ အခြေခံက စလေ့ကျင့်ပုံ အရေးကြီးပါတယ်။ လေ့ကျင့်ပုံနည်းလမ်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်။
Cover Letter ဆိုတာဟာ resume သို့မဟုတ် CV တို့နဲ့ တွဲပြီးတင်ရလေ့ရှိတဲ့၊ တစ်နည်းအားဖြင့် အလုပ်ရှင်က ကိုယ့်ကိုအလုပ်ခန့်ချင်လာအောင် ကိုယ့်ရဲ့လုပ်ငန်းအတွေ့အကြုံ၊ အစွမ်းအစနဲ့ လုပ်ရည်ကိုင်ရည် ပညာအရည်အချင်းတွေကို အက်ဆေးလိုမျိုး ဖွဲ့ကာနွဲ့ကာ အသားပေးရေးရတဲ့ စာဖြစ်ပါတယ်။ အလုပ်ရှင်ထံလိပ်မူတပ်ပြီး အလုပ်လျှောက်သူမြောက်မြားစွာထဲကမှ ကိုယ့်ကိုဘာကြောင့်ရွေးသင့်တယ်၊ ကိုယ်ဟာ သူများတွေထက် ဘာတွေများ ထူးခြားသာလွန်နေတယ်ဆိုတာတွေကို ဒီစာကိုဖတ်မယ့်အလုပ်ရှင်တွေ ဆွဲဆောင်မျောပါသွားနိုင်အောင်၊ ကိုယ့်ကို အင်တာဗျူးချက်ချင်းခေါ်ချင်လောက်အောင် ရေးရတဲ့စာဖြစ်ပါတယ်။
လုပ်ငန်းခွင်မှာ ရာထူးကြီးသူနဲ့ ရာထူးငယ်သူ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် အကူအညီတောင်းတာပဲဖြစ်စေ၊ ခိုင်းစေတာပဲဖြစ်စေ တူညီစွာသုံးစွဲလို့ရနိုင်တဲ့ အသုံးလေးတွေကို ပြောပြချင်ပါတယ်။ လုပ်ပေးစမ်း (Do it)၊ လုပ်ပေးမလား (Will you do it?) ဆိုတာတွေထက် ပိုပြီး ပရော်ဖက်ရှင်နယ်လ်ဆန်သလို၊ ပိုလည်းယဉ်ကျေးပါတယ်။ တစ်ဖက်လူရဲ့နားထဲကိုလည်း ချိုသာစွာဝင်သွားပြီးတော့ ကူညီချင်စိတ်၊ လုပ်ပေးချင်စိတ်လည်းဖြစ်ပါတယ်။ အဲ့ဒါကတော့ အောက်ပါအသုံးတွေဖြစ်ပါတယ်။